Monday, January 28, 2019

Windows တင်ပြီးရင် လုပ်ဆောင်သင့်သောအချက်များ

Windows တင်ပြီးရင် လုပ်ဆောင်သင့်သောအချက်များ 👨‍💻
ကွန်ပျူတာကို ကိုယ်တိုင် Windows တင်ပြီးရင်
လုပ်ဆောင်သင့်၊လုပ်ဆောင်ရမယ့် အချက်တေကို
ဖော်ပြပေးလိုက်ပါ။ ကွန်ပျူတာကို အသုံးပြုမယ့်နေရာ
နယ်ပယ်အလိုက် Windows တင်ပြီးရင် လိုအပ်တာတွေ
ထည့်၊ Setting ချိန်တာတွေလုပ်ကြတာကွဲပေမယ့်
အဓိကလုပ်ဆောင်ရမယ့် အရာတွေတော့ အတူတူပါပဲ။
ကိုယ်တိုင်ကိုယ်ကျ Windows တင်ပြီး ဘာဆက်လုပ်ရမှန်း
မသိသေးသော သူတွေအတွက် အောက်ဖော်ပြပါ အဓိက
လုပ်ဆောင်ရမယ့် အချက်တွေက အထောက်ကူပြုနိုင်ပါလိမ့်မယ်။
လုပ်ဆောင်သင့်တာတွေကိုသာ ဖော်ပြမှာဖြစ်တဲ့အတွက်
လုပ်ဆောင်နည်းတွေကိုတော့ မသိသေးရင် Comment မှာ
ချန်ထားခဲ့နိုင်ပါတယ်။
1. Windows Activate လုပ်ရမယ်။
Windows တင်ပြီးသွားလို့စက်တက်လာပြီ၊ Desktop
Screen ကြီး မြင်နေရပြီဆိုတာနဲ့ကွန်ပျူတာကို ကောင်း
ကောင်းမွန်မွန် သုံးလို့ရနိုင်မည် မဟုတ်သေးပါ။ Windows
Activate မဖြစ်ရင် တစ်ချို့အရာတွေကသုံးလို့မရသေးပါဘူး။
နောက်ပြီး Windows Activate လုပ်ပါဆိုတဲ့ Noti လည်း
ခဏခဏတက်လာနေမယ်။ Windows Activate လိုအပ်ရင်
ဘယ်လို သတိပေးစာသားတွေ ပေါ်လာမလဲ။ Desktop Screen
ညာဘက် အောက်ထောင့်မှာ Activate Windows လို့
ပေါ်လာရင် Activate လုပ်ရမယ်။ သုံးနေရင်းတန်းလန်းနဲ့
Your Windows License will expire soon လို့ပေါ်လာရင်
သက်တမ်းကုန်သွားတဲ့ အချိန် Activate ပြန်လုပ်ပေးရမယ်။
Desktop Screen ညာဘက်အောက်ထောင့်မှာပဲ This Copy
of windows is not Genuine လို့ပေါ်လာရင် Activate လုပ်
ပေးဖို့လိုအပ်တယ်။ System Properties ထဲဝင်ကြည့်လို့
Windows is not Activated ဆိုတာတွေ့ရင် Activate
လုပ်ပေးရမယ်။ ဘယ်လို Activate လုပ်ပေးရမလဲ။
ဖေ့စ်ဘုတ်မှာဖြစ်ဖြစ်၊ Google မှာဖြစ်ဖြစ် Windows
Activate လုပ်နည်းဆိုပြီး ရိုက်ရှာကြည့်လိုက်ပါ။
2. Driver တွေ မောင်းပေးရမယ်။
Windows တင်ပြီးချင်း အရေးကြီးလုပ်ဆောင်ရမယ့်
အရာတွေထဲမှာ Driver မောင်းပေးရတာလည်း ပါဝင်ပါတယ်။
Driver မရှိရင်၊ မမောင်းသေးရင် Hardware ပိုင်းဆိုင်ရာတွေနဲ့
ချိတ်ဆက်အသုံးပြုလို့ရနိုင်မည်မဟုတ်ပါ။ အဲ့ဒီလိုပဲ ကွန်ပျူတာနဲ့
Input/Output ချိတ်ဆက်အသုံးပြုမယ့် Network,Audio,Display,
Bluetooth,VGA စသည့် Driver တွေကိုမောင်းပေးရမယ်။
တစ်ချို့စက်တွေတော့ Windows တင်လိုက်တာနဲ့တစ်ချို့
Driver တွေကို သိတယ်။ တစ်ချို့တော့ မသိဘူး။ Windows
တင်ပြီးတဲ့အချိန် မိမိစက်မှာ Driver တွေ စုံမစုံ ဘယ်လို
ကြည့်နိုင်မလဲ။ Run box မှာ devmgmt.msc ရိုက်ထည့်ပြီး
စစ်ကြည့်နိုင်ပါတယ်။ ဥပမာ- Network Adapters အောက်မှာ
အဝါရောင် Exclamation Mark နဲ့ဆိုရင် Network driver
မသိသေးပါဘူး။ Update လုပ်၊ သို့မဟုတ် Network Driver
မောင်းပေးလိုက်မှ ကွန်ပျူတာမှာ အင်တာနက်ချိတ်လို့ရနိုင်မယ်။
Driver တွေ ဘယ်လိုမောင်းနိုင်မလဲ။ စက်ရဲ့မှုရင်းခွေရှိရင်
စက်ထဲထည့် Run ပေးလိုက်ပါ။ ဒါမှမဟုတ် ခွေမရှိရင်
အင်တာနက်ပေါ်မှာ Driver Install လုပ်နည်းဆိုပြီး
ရိုက်ရှာကြည့်လိုက်ပါ။
3. Software တွေ Install လုပ်ပေးရမယ်။
ကွန်ပျူတာက Activate လည်းဖြစ်သွားပြီ၊ Driver တွေလည်း
အကုန်သိသွားပြီဆိုတာနဲ့မပြီးသေးပါဘူး။ မိမိသုံးချင်တဲ့၊
လိုအပ်တဲ့ ဆော့ဝဲလ်တွေ Install လုပ်ပေးရပါမယ်။ ရုံးလုပ်ငန်း၊
စာစီ၊စာရိုက်၊စာရင်းဇယား၊ Presentation စတာတွေ လုပ်ဖို့
အတွက် Office ဆော့ဝဲလ်ကို ထည့်ပေးရမယ်။ မိမိတို့
သက်ဆိုင်ရာနယ်ပယ်အလိုက် လိုအပ်တဲ့ ဆော့ဝဲလ်တွေ
Acrobat,CoreDraw,Photoshop,Game စသည့် ဆော့ဝဲလ်များကို
ထည့်ထားရမယ်။ ကွန်ပျူတာဆော့ဝဲလ်ပေါင်းများစွာရှိပါတယ်။
လိုအပ်တာတွေကို ရှာဒေါင်းလုဒ်ဆွဲ၊ ကူး၊ဝယ်ပြီး Install
လုပ်ထားရမယ်။ Windows မှာပါတဲ့ Defender ကို မသုံးချင်ရင်
Anti-Virus ဆော့ဝဲလ်တွေလည်း Install လုပ်ဆောင်ထားရမယ်။
စက်ထဲမှာ မလိုအပ်တဲ့ ဖိုင်တွေ ရှင်လင်းပေးဖို့CCleaner
နောက်ဆုံး Updated ဆော့ဝဲလ်ကိုလည်း ဆောင်ထားရမယ်။
အင်တာနက် အသုံးပြုရှာဖွေဖို့ကွန်ပျူတာမှာပါတဲ့ Internet Explorer,
Edge Browser တွေကို မသုံးချင်ဘူးဆိုရင် Chrome,Firefox စတဲ့
Browser တွေကို Install လုပ်ထားရမယ်။ ဒေါင်းလုဒ်ဆွဲဖို့
Internet Download Manager ေနာက္ဆုံး Version ကုိ
Install လုပ်ထားရမယ်။ ဘာသာစကားတစ်ခုလေ့လာနေရင်
Dictionary တွေ Install လုပ်ထားရမယ်။ ရုံးမှာအသုံးပြု
နေရသူတွေက Printer,Scanner တွေ Install လုပ်ထားရမယ်။
မိမိအသုံးများမယ်ထင်တဲ့ Program တွေကိုလည်း Default
Program အဖြစ်ပြောင်းထားရမယ်။
4. Keyboard & Fonts တွေကို Install လုပ်ပေးရမယ်။
ကွန်ပျူတာဆော့ဝဲလ်တွေ၊ Driver တွေ Install လုပ်ပြီးရုံနဲ့
လည်းမပြီးသေးပါဘူး။ မြန်မာလို အသုံးပြု၊ဖတ်ရှုနိုင်ဖို့
မြန်မာကီးဘုတ်နဲ့ဖောင့်တွေ Install လုပ်ပေးရမယ်။
မြန်မာလိုဖတ်နိုင်၊ရေးသားဖတ်ရှုနိုင်ဖို့အသုံးများကြတဲ့
Zawgyi Myanmar Unicode Keyboard ကို Install လုပ်မယ်။
စက်တစ်လုံးတည်းမှာ ကီးဘုတ်တွေ အများကြီးရှိနေဖို့မလိုပါဘူး။
Zawgyi Myanmar Unicode Keyboard ရှိနေရုံနဲ့အားလုံး
အဆင်ပြေပါတယ်။ Keyboard ထည့်ပြီးပြီဆိုတော့ မြန်မာလို
စာရိုက်၊ ရေးသားလို့ရသွားပါမယ်။ မြန်မာစာတွေ ဖတ်ရှုဖို့
အတွက် Zawgyi One Font ထည့်ရပါဦးမယ်။ Unicode လို
ရေးသားထားတဲ့ စာတွေ၊ Browser တွေမှာ ဖတ်ချင်ရင်
တရားဝင်ရုံးသုံးဖြစ်တဲ့ Myanmar3 Font ကို ထည့်ထားရမယ်။
ကွန်ပျူတာ System တွေမှာတော့ Myanmar Text Font ပါပါတယ်။
ကိုယ်က တစ်ခြားဘာသာစကားတွေလည်း ပြောဆိုတဲ့သူဆိုရင်
လိုအပ်တဲ့ Keyboard, Fonts တွေ Install လုပ်ထားနိုင်တယ်။
5. System Settings တွေချိန်ပေးရမယ်။
Windows တင်ပြီးသွားလို့စက်တက်လာရင် တစ်ခုခုထည့်၊
အပြောင်းလဲလုပ်ဖို့ပထမဆုံးလုပ်ရမှာက ကိုယ်သုံးမယ့်
User Account ကို Administrator Type အဖြစ်ပြောင်းပေးပါ။
Local User Group ထဲမွာ Built-in ပါတဲ့ Administrator
Account က Disable ဖြစ်နေတာကို ဖြုတ်ပေးလိုက်ပါ။
တကယ်လို့မိမိသုံးတဲ့ Account က Administrator ဖြစ်
နေရင်တောင် စက်ကပြဿနာတစ်ခုခုဖြစ်လို့ Admin Account
နဲ့ဝင်လို့မရ၊ ပျက်သွားရင် Built-in Account နဲ့ဝင်ပြီး
ပြန်ဆယ်နိုင်ပါတယ်။ Windows တင်တုန်းက User Account
မဆောက်ခဲ့ရင် Admin Right Type နဲ့အသစ်ဆောက်၊
Password ပေးထားရမယ်။ တစ်ခုခု Install လုပ်ဖို့Account က
Standard User ဖြစ်နေရင် မရပါဘူး။ နောက်ပြီး User Account
Control Settings ကို အောက်ဆုံးအထိ နိမ့်ထားပါ။ မနိမ့်ထားရင်
တစ်ခုခုအပြောင်းလဲလုပ်တိုင်း Yes နှိပ်ပေးနေရမယ်။ တကယ်လို့
မိမိစက်က Network သိနေပြီဆိုရင် Open Network and Internet
Sharing Settings ထဲက Advanced Sharing Settings ထဲမွာ
လိုအပ်တာတွေကို Turn On လုပ်ထားနိုင်ပါတယ်။ Driver တွေ
အကုန်မသိသေးလို့ USB လည်း မသိသေးဘူးဆိုရင် Network
ပေါ်ကနေ တစ်ခြားစက်ကို လှမ်းခေါ်ပြီး လိုအပ်တာတွေ ကူးနိုင်တယ်။
စက်ရဲ့Resolution,Performance, Display Settings,Screen
အလင်းအတိုးအလျှော့၊ Desktop Icon စသည့် ကွန်ပျူတာ Settings
ပေါင်းများစွာကိုလည်း ပြောင်းလဲထားနိုင်တယ်။ စက်အသစ်
ဆင်ထားရင် Harddisk Partition တွေ ပိုင်းပေးရမယ်။
6. Backup & Restore လုပ်ရမယ်။
Windows မတင်ခင်တုန်းက တစ်ခြား Drive တစ်ခုမှာ
သိမ်းထားတဲ့ မိမိ Data တွေကို သူ့နေရာနဲ့သူ ပြန်
Restore ပေးရမယ်။ Windows က အချိန်မရွေး
ပြန်ပျက်နိုင်တာကြောင့် အခုသုံးနေတဲ့ OS Settings
အတိုင်း ပြန်ဆယ်ယူချင်ရင် Drive တစ်ခုနဲ့Backup,
Image Disk,Restore Point လုပ်ထားရမယ်။
Backup,Restore လုပ်နည်း တင်ထားပြီးသားရှိပါတယ်။
7.Startup ထဲက မလိုအပ်တာတွေ ဖြုတ်ထားရမယ်။
ကွန်ပျူတာက အခုမှ စက်အသစ်ကို စဆင်တယ်။
ဒါပေမယ့် စဖွင့်လိုက်ရင် စက်ကတော်တော်နဲ့မတက်လာပဲ
အဝိုင်းလေးလည်၊ Busy ဖြစ်နေတတ်ပါတယ်။ ကွန်ပျူတာ
နောက်ကွယ်မှာ Background Software တွေ အလုပ်လုပ်
နေရလို့ကြာနေတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ Taskbar,
Desktop Icon တွေကို ပေါ်လာဖို့ကို တော်တော်စောင့်ယူရတာ
ကြုံဖူးကြမှာပါ။ အဲ့ဒါကြောင့် Windows မှာပါလာတဲ့ မလိုအပ်တဲ့
ဆော့ဝဲလ်တွေကို ဖြုတ်ထားနိုင်ပါတယ်။ ဥပမာ- Internet Explorer
လိုမျိုး။ နောက်ပြီး ကွန်ပျူတာနောက်ကွယ်မှာ Run နေတဲ့ Apps
တွေကို Settings ထဲဝင်ပြီး အကုန် Off လုပ်ထားလိုက်ပါ။
Task Manager ထဲဝင်ပြီး Startup ထဲက Program တွေကို
အကုန် Disable ပေးထားပါ။ Task Manager ထဲက
Processes မှာလည်း စက်ထဲမှာ အလုပ်လုပ်နေတဲ့
မလိုအပ်တဲ့ ဆော့ဝဲလ်တွေကို End Task လုပ်ပေးနိုင်ပါတယ်။
Microsoft နဲ့သက်ဆိုင်တာတွေကိုတော့ End Task မလုပ်မိပါစေနဲ့။
8. Update လုပ်ပေးရမယ်။
Windows တင်ပြီးသွားလို့Windows ရော Program တွေပါ
အကုန် Update ဖြစ်တာမဟုတ်ပါဘူး။ မိမိတင်လိုက်တဲ့
Windows OS Version က 2016 မတိုင်ခင်တုန်းက
ထုတ်ထားတဲ့ Version တွေဆိုရင် အဲ့ဒီ Version အတိုင်းပဲ
မိမိစက်မှာရှိနေမှာပါ။ Windows OS ကို Update မလုပ်ချ
ရင်တောင် Defender,Program ဆော့ဝဲလ်တွေနဲ့Driver
တွေကိုတော့ Update လုပ်ထားရမယ်။ Driver တွေက
Update ဖြစ်နေပြီး OS က Update မဖြစ်ရင်လည်း တစ်ချို့
Program တွေက သုံးမရဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့်
Windows OS နဲ့ Driver တွေ ကိုက်ညီပြီး အလုပ်လုပ်နိုင်ဖို့
အကုန် Update လုပ်ပေးထားနိုင်ရင် ပိုကောင်းပါတယ်။
NetComplus / Credit

No comments:

Post a Comment