Monday, January 28, 2019

CREDIT TO Original writer
လူသိများ/အသုံးများတဲ့ Server (၅) မျိုး
============================
DHCP Server, DNS Server, File Server, Web Server, Proxy Server တို့ရဲ့ အကြောင်းကို လေ့လာထားမိသလောက်ပြောပြသွားပါ့မယ်။
.
၁) DHCP Server
********************
DHCP ရဲ့အရှည်ကောက် ကတော့ Dynamic Host Configuration Protocol ပဲဖြစ်ပါတယ်။ နက်ဝက်ချိတ်ဆက်ကြတဲ့အခါမှာ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး၊ Server နဲ့ Client ကြားမှာ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ဆက်သွယ်နိုင်ဖို့အတွက် IP Address တစ်ခုစီသတ်မှတ်ထားရှိရပါတယ်။ ဘယ်လိုသဘောတရားလည်းဆိုရင်တော့ ကျနော့်နာမည် မောင်ဖြူ၊ ကျနော့် ဘေးကတော့ မောင်လှ နောက်တစ်ယောက်ကတော့ မောင်မြဆိုပြီး အချင်းချင်း Communicate ဖြစ်အောင် သတ်မှတ်ထားတဲ့အရာကို IP Address လို့ပြောနိုင်ပါတယ်။ အဲ့ဒီတော့ တစ်ဦးနဲ့တစ်ဦး ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး ချိတ်ဆက်တော့မယ်ဆိုရင်တော့ IP Address ဆိုတာကြီးက လိုလာပါပီ။ အဲဒီတော့ Server တစ်လုံးရဲ့အောက်မှာ ကွန်ပြူတာ User ၁၀ ဦး ကွန်ပျူတာ ၁၀ လုံးရှိတယ်ဆိုရင် အဲ့ဒီကွန်ပျူတာ ၁၀ လုံးအတွက် IP Address တွေပေးရတော့မှာပါ။ စက်တစ်လုံးနဲ့တစ်လုံးကလည်း IP Address တူညီနေလို့မရပါဘူး။ အဲ့ဒီတော့ Server မှာသာ DHCP ဆိုတဲ့ Service ကို ထည့်သွင်းမထားဘူးဆိုရင် ကျနော်တို့ဟာ ကွန်ပျူတာတစ်လုံးချင်းစီမှာ IP Address တွေကို Static (Manual) လိုက်ထည့်ပေးရမယ်။ အဲ့လို Static (Manual) လိုက်မထည့်ပေးချင်တဲ့အတွက် ကွန်ပျူတာဖွင့်လိုက်တာနဲ့ IP Address တစ်ခု အလိုအလျောက်ရနေအောင် Server မှာ လုပ်ဆောင်ရတော့မယ် ဘယ်လိုလုပ်ဆောင်ရမှာလဲဆိုရင် DHCP Service ကို ထည့်သွင်းလိုက်ရမှာပဲဖြစ်ပါတယ်။ အဲဒီအခါကျမှသာ ကွန်ပျူတာဖွင့်တာနဲ့ IP Address တစ်ခု အလိုအလျောက်ရမယ်။ ဒါကြောင့် DHCP ဆိုတာ Dynamic Host Configuration Protocol, IP Address တွေကို Static ထည့်စရာမလိုပဲ အလိုအလျောက်ရရှိအောင် လုပ်ဆောင်ပေးတဲ့ Service ဖြစ်ပါတယ်။
.
.
၂) DNS Server
******************
အင်တာနက်ခေတ်မှာ ဖော်ပြနေတဲ့ Website အားလုံးဟာ DNS System ပေါ်မှာ အခြေခံပြီး ပြုလုပ်နေတာပါ။ DNS ရဲ့ အရှည်က Domain Name System ပါ။ လူတိုင်းလူတိုင်းမှာ (ဘာလည်း) 😛 လူတိုင်းလူတိုင်းမှာ နာမည်တစ်ခုကိုယ်စီ ရှိသလို ကွန်ပျူတာ တစ်လုံးစီမှာလည်း သူတို့ကို လာရောက် ဆက်သွယ်လို့ရတဲ့ လိပ်စာတစ်ခု ရှိပါတယ်။ ဒါကို IP Address လို့ ခေါ်ပါတယ်။ အဲ့ဒီ IP Address ဆိုတာက ဥပမာ- 192.168.1.100 လိုမျိုး 10.10.10.10 လိုမျိုး bits တွေနဲ့တည်ဆောက်ထားတဲ့ နာမည်တော့နာမည် ဒါပေမယ့် ဂဏန်း နာမည်ကြီဖြစ်နေတယ် အဲ့ဒီဟာကို ကျနော်တို့က စာသားလေးနဲ့ပြောင်းချင်တယ်။ ဘယ်လိုပြောင်းချင်လည်းဆိုတော့ ကျနော်ကွန်ပျူတာရဲ့ IP Address 192.168.1.100 ကို www.novatig.com လို့ပြောင်းချင်တယ်ဆိုပါစို့။ ဒါဆို DNS ဆိုတဲ့ Domain Name Service ဆိုတာကြီးလိုလာပြီ။ သူကဘာလုပ်ပေးမှာလည်း ? ဂဏန်းနဲ့တည်ရှိနေတဲ့ IP Address ကို Name အဖြစ်သို့ရောက်အောင်ပြောင်းလဲပေးမှာ ဘယ်လိုလည်းဆိုရင်တော့ ကျနော့်မှာ ကျောင်းနာမည်နဲ့ အိမ်နာမည်နှစ်မျိုး ရှိတယ်ပေါ့၊ ကျောင်းနာမည် မောင်ဖြူကို ခေါ်ရင်လည်း ကျနော်က “ဗျာ” လို့ထူးမှာပဲ အိမ်နာမည် ဖိုးသား လို့ ခေါ်ရင်လည်း ကျနော်က “ဗျာ” လို့ ထူးမှာပဲ။ အဲ့ဒီသဘောတရားပါပဲ။ ဘာလို့ ဒီ DNS ဆိုတာကြီးကို သုံးကြသလဲဆိုရင် ဂဏန်းတွေကို မှတ်သားရတာထက် အမည်တွေကို မှတ်သားရတာဟာ ပိုလွယ်ကူမယ်ထင်လို့ပါပဲ။ အားလုံးသိကြတဲ့ Facebook.com ဆိုတာကြီးကိုလူတိုင်းသိကြတယ် မှတ်မိလည်း လွယ်တယ်.. ဒါပေမယ့် facebook ရဲ့ မူရင်း IP Address တွေကိုတော့ မသိကြသလို သိထားရင်တောင် မှတ်မိဖို့မလွယ်ပါဘူး။ အပြန်အလှန်အားဖြင့် တော့ DNS ဟာ Name တွေကို IP Address ပြောင်း၊ IP Address ကို Name ပြောင်း စတဲ့ အလုပ်တွေကို လုပ်ပေးပါတယ်။
.
.
၃) File Server
******************
Networking မှာ အရေးကြီးပြီး မဖြစ်မနေ ထားရှိရမည့် နောက်ထပ် Server တစ်ခု ကတော့ File Server ဖြစ်ပါတယ်။ ကွန်ပျူတာ တစ်လုံးတည်းမှာတောင် ဖိုင်၊ ဖိုဒါ ထားသိုတာ နေရာထားရှိတာ စနစ်တကျ မရှိခဲ့ရင် ပြန်လည်ရယူသုံးစွဲချင်တဲ့အခါမှာ အချိန်ကုန်ခံ လိုက်ရှာနေရတတ်ပါတယ်။ သိမ်းပြီးသားဖိုင်တွေ ထပ်ခါထပ်ခါသိမ်းမိပြီး ဘယ်ဖိုင်နောက်ဆုံးလဲဆိုတာ မသိရှိနိုင်ရင်တော့ ပိုပြီး စိတ်ကသိကအောက် ဖြစ်ရမှာပေါ့။ Network မှာ ကွန်ပျူတာအများကြီး User တွေ အများကြီး ဝိုင်းသုံးမှာ ဘယ်ဖိုင်နောက်ဆုံး Update File ဖြစ်တယ်ဆိုတာ ပိုပြီးတော့ ခွဲခြားရခက်လာပြီ။ ပြီးတော့ File မှာ Private File, Public File စသဖြင့် Security ပေါ်မူတည်ပြီး အနေအထားတွေ ကွဲပြားတယ်။ ဒါတွေကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုရင် File Server ကို သုံးထားမှ အဆင်ပြေမှာပါ။။
.
.
၄) Web Server
*******************
Web Server ဆိုတာကတော့အလွယ်ကူဆုံးပြောရမယ်ဆိုရင် Website တစ်ခု လွှင့်တင်ဖို့အတွက် အခြေခံအနေနဲ့ တည်ထားရမဲ့ Server တစ်ခုပဲ Web Server ဆိုမှတော့ Website တွေအတွက်ပေါ့
Website ဆိုတာမှာလည်း အင်တာနက်ဝက်ဆိုဒ်တွေအတွက်တင်မဟုတ်ပဲ Local site တွေ monitoring tools တွေအတွက်သုံးမယ့် Web Interface တွေအတွက်လည်း Web Server ကနေ အခြေတည်ရတာပါပဲ။ အဲဒီတော့ Network Monitoring System တစ်ခုကို Web Interface နဲ့ တည်ဆောက်မည်ဆိုရင်၊ Website တစ်ခုကို အင်တာနက်မှာတည်ဆောက်တော့မယ်ဆိုရင်၊ Local Ebook Libery လေးတစ်ခုတည်ဆောက်တော့မယ်ဆိုရင် Web Server ကိုအသုံးပြုပါတယ်။
.
.
၅) Proxy Server
********************
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ Proxy Server တွေဟာ အဲဒီလို Cache လုပ်ထားခြင်းမျိုးကို Proxy Server ကလုပ်ဆောင်ပေးမှာပါ။ နောက်ထပ်အနေနဲ့ ဘာလုပ်ပေးသေးလည်းဆိုရင် သုံးစေချင်တဲ့သူကို သုံးလို့ရအောင်မသုံးစေချင်တဲ့သူကို သုံးလို့မရအောင် ထိန်းချုပ်ပေးတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒီမှာတော့ Proxy Server ကိုသုံးပြီး ထိန်းချုပ်တာကို ပိုအသားပေးကြတာများပါတယ်။ တစ်ခါတစ်လေဆို Cache တွေမနိုင် Request နဲ့ Response ဟာ နေ့တစ်ဝက်လောက်တောင်ကြာတတ်တဲ့ Proxy Server တွေကိုလည်း တစ်ချို့တစ်ချို့ရုံးတွေမှာ သုံးတတ်ကြပါသေးတယ်။ 😛
(နောက်ပိုင်းကျရင်တော့ Proxy Server အမျိုးအစားတွေအကြောင်းကိုလည်း ထပ်ပြောပြပါမယ်။)
Cd

No comments:

Post a Comment