Monday, January 28, 2019

မိမိ ရဲ့ ကွန်ပျူတာ ဟာ Power အဖွင့်မှာ windows Loading လုပ်ပြီးလေးနေသလား

မိမိ ရဲ့ ကွန်ပျူတာ ဟာ Power အဖွင့်မှာ windows Loading လုပ်ပြီးလေးနေသလား windows ပွင့်ပြီးရင်လဲ သုံးမရသေးဘဲ ဟန်းနေသလား ဒီလိုလေး လုပ်ကြည့်လိုက်ပါ…..
Keyboard မှ Windows key+R ကိုနှိပ် လိုက်ပါ….
recent ဆိုပြီးရိုက်ထည့်လိုက်ပါ…
Ctrl+A ကိုနှိပ်၍ select လုပ်ပါပြီးရင် Ctrl+D ကိုနှိပ်၍ Delete လုပ်ပေးပါ…
နောက်တစ်ခါ windows key+R ကိုနှိပ်၍ Prefetch လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….
windows key+R ကိုနှိပ်၍ temp လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….
windows key+R ကိုနှိပ်၍ %tmp% လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….
windows key+R ကိုနှိပ်၍ chkdsk လို့ရိုက်ထည့်ပါ…ဒါကတော့ Hard Disk
windows key+R ကိုနှိပ်၍ cleanmgr လို့ရိုက်ထည့်ပါ… ေ
လေးထောင့်ကွက်လေးတွေထဲမှာ အမှန်ခြစ်လေးတွေခြစ်ပေးပြီး Enter ခေါက်ပေးလိုက်ပါ..
Drive C မှာရှိတဲ့ မလိုအပ်တဲ့ဖိုင်တွေ ဖျက်ပြစ်ပါလိမ့်မယ်…
နောက်တစ်ခါ windows key+R ကိုနှိပ်၍ compmgmt.msc လို့ရိုက်ထည့်ပါ…
Enter ခေါက်လိုက်ပါ…ပြီရင် အောက်ပါပုံအတိုင်း အနီရောင်ဖြင့်ဝိုင်းပြထားသော Event Viewer ကို click တစ်ချက်နှိပ်လိုက်ပါ…
ပြီးရင် အနီရောင်ဝိုင်းထားသော အကွက်ထဲမှ Windows Logs ကို Click ပါ…
အဲ့ဒီနောက် Application ကို Right Click ထောက်၍ Clear Log ကို Click ပေးပါ…
Clear ကို Click နှိပ်၍ ရှင်းပေးပါ….
အထက်ပါနည်းအတိုင်း Security , Setup , System , Forwarded Events တို့ကိုလဲ ရှင်းပြစ်လိုက်ပါ….
အတိုင်းအတာတစ်ခုထိ တော့ ပေ့ါပါးသွားတာ ကိုမြင်တွေရမှာပါ…
IT နည်းပညာ တိုးတက်ပြန့်ပွားပါစေ ဆန္ဒပြုရင်း…..
#crd မူရင်း

No comments:

Post a Comment