Chapter 3: OSI Model
Network ကို အတန်အသင့် လေ့လာခဲ့ပီးပီဆိုတော့ အခြေခံကျတဲ့ OSI model ကို ဆက်လက်လေ့လာ ကြရအောင်ဗျာ။ network ကို စတင်ပီး အသုံးပြု ကြတုန်းက ဆိုရင် တော်တော် လေးကို ပရမ်းပတာ နိုင်ခဲ့တာပါ။ vendor တစ်ခုစီတိုင်းမှာ ကိုယ်ပိုင် solution တစ်ခုစီနဲ့ပေါ့။ အဲတာကြောင့် မို့လို့လဲ OSI model ဖြစ်ပေါ်လာဖို့ အကြောင်းဖန်လာတာပါ။ vendor တွေအားလုံး တူညီတဲ့ စံနှုန်း တစ်ခုပေါ်မှာ အလုပ်လုပ်ကြဖို့ international organization for standardization ကနေပီးတော့ OSI model ကို 1984 မှာ release လုပ်ခဲ့တာပါ။ OSI ဟာ network ကို လေ့လာသင်ယူမဲ့ သူတွေ အတွက်ရောအလွန်ကောင်းမွန်တဲ့ model တစ်ခုလဲ ဖြစ်ပါတယ်။ သူ့မှာူlayer ၇ခုပါ ပါတယ်။

All People Seem To Need Data Processing
အဲလို အလွယ်မှတ်ကြပါတယ်။ ကျနော်ကတော့ မမှတ်စေချင်ဘူး။ network ကို လေ့လာတော့မယ်ဆိုရင် layer 7 ရဲ့ အလုပ်လုပ်ပုံနဲ့ သဘောတရားကို စွဲမြဲနေရမှာ ဖြစ်ပါတယ်။အလွတ် ကျက်မှာရမည့် အရာမဟုတ်လို့ပါ။ ထားပါတော့။ ကျနော်တို့ layer 1 ကနေစပီးလေ့လာကြည့်ကြရအောင်၊
3.1 OSI seven Layer
Layer 1: physical layer
ဒီ layer မှာ voltage levels, timing, physical data rates, physical connectors စတာတွေကို သတ်မှတ်ပေးပါတယ်။ physical layer မှာတော့ hub, cable, media, repeater, transceiver and NIC card စတာတွေ ပါဝင်ပါတယ်။ everything you can touch since it is physical.
Layer 2: Datalink layer
ဒီ layer ရဲ့ အဓိက တာဝန်ကတော့ transmission လုပ်ဖို့ အတွကိdata format ရယ် physical media တွေကို ဘယ်လို control လုပ်ရမယ်၊ access လုပ်ရမယ်ဆိုတာတွေ ပါဝင်ပါတယ်။ error detection ကို ဂရုတစိုက် လုပ်ဆောင်ပေးပီး error correct , reliably ရဖို့ တာဝန်ယူပါတယ်။ switching, MAC address,
And Ethernet frames are on the data link layer. Layer 2 devices တွေကတော့ switch, bridge, wireless access point စတာတွေဖြစ်ပီး၊ ppp, Ethernet,စသည့် protocol တွေကို အသုံးပြုပါတယ်။
Layer 3: Network layer
ဒီ layer ကတော့ connectivity and patch selection (routing) ကို အဓိက လုပ်ဆောင်ပေးပါတယ်။ internet protocol ဖြစ်တဲ့ IPv4 and IPv6 တို့ အလုပ်လုပ်တဲ့ layer လဲ ဖြစ်ပါတယ်။ every network devices need a unique address on the network. Layer 3 ရဲ့ devices ကတော့ routers တွေဖြစ်ပီး protocol ကို ပြောပါဆိုရင်တော့ internet protocol ,IPv4 and IPv6 ပဲဖြစ်ပါတယ်။
Layer 4: Transport layer
ဒီ layer ကတော့ transport ကိုပဲ လုပ်ပေးပါတယ်။ အခု ဒီစာအုပ်ကို အင်တာနက်က နေ သင် download လုပ်တဲ့ အချိန်မှာ pdf file ဟာ segement အနေနဲ့ သင့်ရဲ့ computer ထဲကို ရောက်လာတာပါ။
- TCP lives here; it is a protocol which send data in a reliable way.
- UDP lives here; it is a protocol which sends data in an unreliable way.
Layer 5: Session layer
ဒီ layer ကတော့ host ၂ခု ကြားမှာ session တွေကို establishing, managing and termination စတာတွေကို တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ သင်ဟာ website တစ်ခု ကို အင်တာနက်ကနေတဆင့် access လုပ် မယ်ဆိုရင် တော့ တခြားသူတွေ အသုံးပြုမှုနဲ့ session တွေ မတူကြပါဘူး။ အဲတာ ကို session layer က လမ်းကြောင်းသတ်မှတ်ပေးတာပါ။ this webserver needs to keep track of all the different sessions.
Layer 6: Presentation layer
ဒီ layer ကတော့ ကျနော်တို့ ရဲ့ information တွေကို application layer မှာ readable ဖြစ်အောင် formatting and structuring လုပ်ပေးတာဖြစ်ပါတယ်။ most computers use the ASCII table for characters. If another character like EBCDIC than the presentation layer needs to refotmat the data so both computers agree on the same characters.
Layer 7: Application layer
Here are your applications. E-mail, browsing the web (HTTP or HTTPs), FTP and more.
ဟုတ်ကဲ့ပါ၊ network engineer တစ်ယောက်အနေနဲ့ osi 7 layer ကို ရင်းနှီးပီးသားဖြစ်မှာပါ။ အဲဒီတော့ စာပြန်နွေးတဲ့ အနေနဲ့ပဲ အကျဉ်းချုံ့ ပီး ရေးထားတာဖြစ်ပါတယ်။
Going from the application layer all the way down to the physical layer is what we call ENCAPSULATION. Going from the physical layer and working your way up to the application layer is called DE-ENCAPSULATION.
အခု ကျနော်တို့ OSI-model အကြောင်းလဲ သိပီ၊ မတူညီတဲ့ layer တွေနဲ့ သူတို့ ရဲ့ function တွေကိုလဲ တီးမိခေါက်မိ ပီဆိုတော့ ရှေ့ဆက်ကြမယ်လေ နော။
During peer-to-peer communication each layer has packets of information. We call these protocol data unit (PDU).
Now every unit has a different name on the different layers
- Application, presentation, session; we talk about DATA
- Transport layer; we talk about TCP SEGMENTS
- Network layer; we talk about IP PACKETS
- Data link layer; we talk about ETHERNET FRAME
- Physical layer; we talk about BIT
နောက်တစ်ခု
Network model မှာ တခြား popular ဖြစ်တဲ့ model ရှိပါသေးတယ်။ အဲတာကတော့ TCP/IP stack ပါပဲ
As you can see the upper three layers are now combined to the “Application layer”. The
network layer is called the “Internet” layer and the bottom 2 layers are combined into the
“Network Access” layer.

ကျနော်တို့ Chapter 4: TCP/IP Protocol မှာ ပြန်တွေ့ကြမယ်ဗျာ။
#Nikoye Network Training
ပထမ တော့ သူတို့ မင်းကို မသိကျိုးကျွံ ပြုကြလိမ့်မယ်
နောက်ပီး မင်းကို လှောင်ရယ်ကြလိမ့်မယ်
ပီးတော့ တိုက်ခိုက်ကြလိမ့်မယ်
ဒါဆိုရင် မင်းနိုင်ပီလေ။။
Gandhi





















